𝐍𝐂𝐓 𝐃𝐎𝐘𝐎𝐔𝐍𝐆'𝐒 𝐏𝐑𝐎𝐅𝐈𝐋𝐄 𝐀𝐍𝐃 𝐅𝐀𝐂𝐓𝐒 𝐌𝐘𝐀𝐍𝐌𝐀𝐑 by NCT Doyoung - Myanmar[𝐖𝐚𝐫𝐧𝐢𝐧𝐠]
Adminအနေနဲ့ နှစ်တွေအကြာကြီး အချိန်တစ်ခုပေးပြီး ကြိုးစားရေးခဲ့တာတွေဖြစ်တဲ့အတွက်
ဒီProfileနဲ့ တကွ စုဆောင်းထားသော linkများ အချက်အလက်များကို NCT Doyoung - Myanmar ရဲ့ ခွင့်ပြုချက်မရှိပဲ လုံး၀နီးပါးသော်လည်းကောင်း အနည်းငယ်ပြင်၍သော်လည်းကောင်း Creditတောင်မပေးပဲ ပြန်လည် ကူးယူဖော်ပြခြင်းမပြုဖို့ကိုတော့ အထူး မေတ္တာရပ်ခံလိုပါတယ် Thank you in advance!


Profile & Facts (Burmese)
Stage Name: Doyoung (도영)
Birth Name: Kim Dong Young (김동영)
Birthday: February 1, 1996
Nationality: Korean
Zodiac Sign: Aquarius
Height: 178 cm (5’10″)
Weight: 60 kg (132 lbs)
Blood Type: B
Religion : Christian
Nickname : Bunny, 토끼 왕자(Bunny Prince), 또잉(Doie), DoYoungie, Wangjanim, 토끼(Bunny), Doyochi, Dory, etc.
Instagram: @do0_nct (2020ခုနှစ် Oct 16ရက်နေ့မှာ စတင်သုံးခဲ့ပါတယ် MAW promotionကာလမှာပါ)𝐅𝐀𝐂𝐓𝐒
🔹 DoYoungieကို Guriမြို့ Gyeonggidoစီရင်စု
တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်🔹မွေးချင်းအစ်ကိုတစ်ယောက်ရှိပါတယ် 5URPRISEရဲ့ member သရုပ်ဆောင် Gong Myung ပါ🔹 ညီအစ်ကိုနှစ်ယောက်လုံး Topyeong High Schoolကပါ🔹 High schoolမှာတုန်းက DoYoungieတို့မြို့က သီချင်းဆို ပြိုင်ပွဲမှာ 1st ရဖူးပါတယ်🔹 Fluteကို ကျွမ်းကျွမ်းကျင်ကျင် မှုတ်တတ်တဲ့ အပြင် bassလဲ တီးတတ်ပါတယ်တဲ့🔹 memorization skillsကောင်းကောင်း ရှိပါတယ်🔹 ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ‘Heart Track’ ဆိုတဲ့ bandလေး ထောင်ဖူးပါတယ် (NCT 127 on Old School Radio 180412)🔹 2013 November 11 မှာ "SM entertainment"နဲ့ ဆက်သွယ်မိခဲ့ပြီး traineeအဖြစ်ရောက်ရှိခဲ့ပါတယ်🔹 DoYoungie SM auditionတုန်းက ဆိုခဲ့တဲ့ သီချင်းလေးကို ဆရာLee Soo manရှေ့မှာ ပြန်ဆိုပြခဲ့ပါတယ်🔹2015 Jan 16မှာ SM rookie Doyoung အဖြစ် တရား၀င် မိတ်ဆက်ခြင်းခံခဲ့ရပါတယ် SMROOKIES No. ကတော့ 05ပါ🔹 Rookieကာလ 1 yearနဲ့ 2016မှာစတင် debutခဲ့ပါတယ် ပထမဆုံး debutခဲ့တဲ့ unitကတော့ NCT Uဖြစ်ပြီး Positionက Main Vocalistပါ🔹 Doyoungအကြိုက်ဆုံး ရာသီဥတုက နွေဦးပါ🔹 အကြိုက်ဆုံး color ကတော့ Blueပါ🔹 အကြိုက်ဆုံး superheroက Spidermanပါ🔹 အကြိုက်ဆုံး အစားအသောက်ကတော့ Cream Cheese Bread, Watermelon, Popcorn, Mango flavored treats, White chocolate, Peach, Huo Guo (hot pot)တို့ပါ🔹 အကြိုက်ဆုံး drinkက caramel coffeeပါ သိပ်ခါးတာမျိုးဆိုမသောက်နိုင်ပါဘူးတဲ့🔹 အကြိုက်ဆုံး artist က Eric Benetပါတဲ့🔹 အကြိုက်ဆုံး actorက Lee Na Youngပါ🔹 DoYoungieက EXO Sunbaenim D.Oကို debutမတိုင်ခင် ဟိုးအရင်ကတည်းက သဘောကျ လေးစားရတာပါတဲ့ D.O Sunbaenimရဲ့ သီချင်းဆိုပုံ, သရုပ်ဆောင်ပုံတွေနဲ့ စကားပြောဟန်တွေကို သဘောကျရပါတယ်တဲ့🔹 DoYoungieအကြိုက်ဆုံးတွေကတော့ အိပ်ရတာ, အိပ်ရာ, အစားအသောက်နဲ့ Jenoလေးပါတဲ့ (NCT 2018 Spring Fan Party)🔹 NCT Lifeပရိတ်သတ်တွေအတွက် Doyoungရဲ့ Vroom Vroom Talk Showက အမှတ်တရပါပဲ💚🔹 တစ်နေ့တော့ EXO D.O. Sunbaenimနဲ့ Duet ဆိုချင်ပါတယ်တဲ့🔹 Trot genre သီချင်းတွေကိုလဲ ဆိုနိုင်ပါတယ်🔹 Doyoungက သခွားသီးတော့ မကြိုက်ပါဘူး🔹 Doyoungက တိရစ္ဆာန်တွေ ကြောက်တတ်ပေမဲ့ အခုတော့ အရမ်းကြီး မဟုတ်တော့ပါဘူး🔹 NCT Night Night မှာ Doyoungက ယုံကြည်
စိတ်အချရဆုံးmemberအဖြစ် voteပေးခံရပါတယ်🔹 အဆိုတော်သာ မဖြစ်ခဲ့ရင် မုန့်ဖုတ်တဲ့သူ ဖြစ်နေမှာပါတဲ့🔹 ညအိပ်တိုင်း “Jippong”ဆိုတဲ့ အရုပ်လေးနဲ့ အိပ်တတ်ပါတယ်တဲ့ Jippongလေး ရှိသေးလားတော့မသိပေမဲ့
အခုတော့ Diffuserတွေ, ပန်းအိုးတွေနဲ့ Dochiလေးပါ သူ့အခန်းထဲ အပြည့် နေရာယူနေပါပြီ🔹 Doyoungက dormမှာဆို အပြင်ထွက်ခဲပါတယ်
ဘာလို့လဲဆိုတော့ဝါသနာက လှဲပဲလှဲနေချင်တာပါတဲ့ 😆 (NCT Night Night)🔹 Doyoungနဲ့ Johnnyက အမွှေးနံ့ပါတဲ့ ဖယောင်းတိုင်တွေကို သဘောကျကြပါတယ် (NCT Night Night)🔹 Doyoungမှာ အိပ်ရင်းယောင်တတ်တဲ့အကျင့်လေးရှိပါတယ် 🥺🔹 Doyoungကို အဆိုတော်ဖြစ်လာစေခဲ့တဲ့ သီချင်းကတော့ Park Hyo Shinရဲ့ "Wild Flower" ပါ🔹 Doyoung နှုတ်ခမ်းဘေး မျက်နှာရဲ့ ညာဘက်ခြမ်းမှာ အမာရွတ်ကလေးရှိပါတယ် ဆော့ကစားရင်း ထိခိုက်မိတာကို သူ့အမေက ဆေးလိမ်းပေးပေမဲ့ ကလေးဆိုတော့ ရတယ်ဆိုပြီး သုတ်ပစ်ခဲ့မိလို့ အခုလို အမာရွတ် ကျန်နေခဲ့တာပါတဲ့ (181025 Do Digest)🔹 2017 မှာတော့ NCT 127 ရဲ့ memberအဖြစ်
မိတ်ဆက်ခြင်းခံရပြီး Limitless eraကနေ စတင်ခဲ့ပါတယ် Positionက Main Vocalistပါပဲ🔹 Doyoungရဲ့ ideal typeက ယဉ်ကျေးတဲ့သူပါတဲ့🔹 Doyoungieကို Korean fansတွေက "또잉" (Doie),
Japanese fansတွေက "Doyochi"လို့ ချစ်စနိုးခေါ်ကြပါတယ်🔹 Doyoungက ပရိတ်သတ်တွေကြားထဲမှာ
"남친짤"လို့ ခေါ်တဲ့ Boyfriend materialဆန်ဆန်ပုံနဲ့ Selcaတွေရိုက်တတ်လွန်းတာကြောင့် Boyfriend DoYoungလို့ နာမည်ကြီးပါတယ်🔹Doyoungရဲ့ MBTI က ISFJ-Tပါ🔹 Doyoungက NCT member Hyungတွေရော ရွယ်တူတွေနဲ့ရော Dongsaengတွေ အားလုံးနဲ့ရော တရင်းတနှီးရှိပါတယ် NCT 127 member TaeYongနဲ့က Tom & Jerry friendshipအဖြစ်နာမည်ကြီးပါတယ် တချိန်လုံး
မတည့်ကြပေမဲ့ သူတို့ နှစ်ယောက်ရဲ့ friendshipက fanတွေအားလုံးက လေးစားအားကျရတဲ့ Friendshipမျိုးပါ
𝐅𝐋𝐈𝐌𝐎𝐆𝐑𝐀𝐏𝐇𝐘
🔹2021မှာ Midnight Cafe Drama Season 3 "The Curious Stalker " Male lead Son Jiwooအဖြစ် ပါ၀င်သရုပ်ဆောင်ခွင့်ရရှိခဲ့ပါတယ်🔹2021 Juneမှာတော့ 'Marie Antoinette' ဆိုတဲ့ Musicalပြဇာတ်မှာ Axel von Fersenဆိုတဲ့ characterနေရာကနေ ပါ၀င်သရုပ်ဆောင်ခဲ့ပါတယ်🔷 2022 Julyမှာ စတင်ထုတ်လွှင့်ခဲ့တဲ့ ' Dear X Who Doesn't Love Me ' TVING Original Seriesမှာ 'Jeong Siho'အမည်ရတဲ့ တက္ကသိုလ်ကျောင်းသားဇာတ်ရုပ်ကနေ ပါ၀င်သရုပ်ဆောင်ခဲ့ပါတယ် Main leadဖြစ်ပါတယ်


𝐎𝐒𝐓 𝐒𝐎𝐍𝐆𝐒
🔹2016မှာ SHINee Key Sunbaeနဲ့အတူ 38 Task Force OST "Cool"ကို သီဆိုခဲ့ပါတယ်🔹SCHOOL 2017 OSTအတွက် NCT TaeYong, Taeil နဲ့ အတူ "Stay in my life" ကို ဆိုခဲ့ပါတယ်🔹Radio Romance K dramaအတွက် NCT Taeil နဲ့ အတူ "Radio Romance"ဆိုတဲ့ OSTဆိုခဲ့ကြပါတယ်🔹EXO Suho Sunbaenimပါ၀င်သရုပ်ဆောင်ထား
တဲ့ Rich Man, Poor Woman dramaရဲ့ OSTအဖြစ် "Hard For Me" ကို သီဆိုခဲ့ပါတယ်🔹Best Mistake Web drama OSTဖြစ်တဲ့ "New Love"ကို NCT Jaehyunနဲ့အတူ ဆိုခဲ့ပါတယ်🔹The Tale of Nokdu OST "Baby only you" ကို NCT Markနဲ့အတူ ဆိုခဲ့ကြပါတယ်🔹ကိုယ်တိုင်ပါ၀င်သရုပ်ဆောင်ထားတဲ့ Midnight Cafe S3 The Curious Stalker OST Part.2 "Night Air" ကို သီဆိုခဲ့ပါတယ်🔹Yumi's Cells Dramaရဲ့ OST "Like A Star"ကို သီဆိုခဲ့ပြီး 2021 Oct 1ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်🔹 Soundtrack #1 Drama OST Part. 7
A Little More (아주 조금만 더)သီချင်းကို သီဆိုခဲ့ပြီး 2022 Feb 22ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်🔹ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ Dear X Who Doesn't Love Me ရဲ့ OSTဖြစ်တဲ့ Unable To Loveသီချင်းကတေ့ 22 July 2022 မှာ ထွက်ရှိခဲ့ပါတယ်